A d v e r t i s e m e n t With Us

လမ်းဘေးအရံအတားများကိုတိုက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်သည့်ကားပေါ်မှ ဒရိုင်ဘာ လွတ်မြောက် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကွင်းက အဝေးပြေးလမ်းမပေါ်မှာ ကားတစီးဟာ လမ်းဘေးအရံအတားတွေကို တိုက်ပြီး အကြိမ်ကြိမ် ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ပေမယ့် ကားဆရာကတော့ ကားပေါ်ကနေ လွတ်မြောက်သွားပါတယ်။ ဇွန် ၁၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုကြောင့် ကားက ပျက်စီးသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ကားဆရာက ကားကျွမ်းထိုးတဲ့အချိန်မှာ ကားပေါ်ကနေ ပြုတ်ကျခဲ့ပြီး လမ်းလယ်က မြက်ခင်းပေါ်ကို ကျသွားခဲ့တာပါ။ ကားဆရာကို ဆေးရုံပို့ဆောင်ပြီး ကုသမှုခံယူနေသလို စုံစမ်းမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ၈ စက္ကန့်သာကြာတဲ့ ဒီဖြစ်ရပ်ကို လမ်းပေါ်မှာရှိတဲ့ စောင့်ကြည့်ရေးကင်မရာက မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up