Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားများ တွေ့ဆုံမည့်နေရာတွင် လုံခြုံရေးတင်းကျပ်
အေးနိုင်
·
June 23, 2016
13532938_1038860039523241_7216192923274894331_n
13524375_1038860046189907_2788301967597982591_n
13510864_1038860092856569_128491172176098073_n
13450824_1038860082856570_2292771384374608712_n
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ဆုံ မယ့် ထိုင်းနိုင်ငံ  စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးအတွင်းနဲ့ ခန်းမမှာ ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းလုံခြုံရေးတွေ တင်းကျပ်စွာ ချထားပါတယ်။ ထိုင်းရတ်သတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ် လုံခြုံရေးအတွက်  ထိုင်းရဲတပ်ဖွဲ့ အင်အား ၁ ထောင်ချထားကြောင်း၊  ဘန်ကောက်မှ စမွတ်စာခွန်းလမ်းတလျှောက် လမ်းဘေး တဘက်စီ ၃ မီတာလျှင် ရဲတပ်ဖွဲ့ဝင် ၁ ဦး စောင့်ဆိုင်းဖို့ ညွှန်ကြားထားတယ်လို့ စမွတ်စာခွန်း ခရိုင် ရဲမှူးကြီး ဆွန်ကရိုင်း ဖူးလ်ဖိန့်က ရဲ့ အပြောကို ကိုးကားဖော်ပြပါတယ်။ ထလေးထိုင်းဈေးမှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေ အနေနဲ့ ရောက်ရှိရာနေရာမှာဘဲ နေရမှာဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ဟိုသွားဒီသွားမလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ထလေးထိုင်းခန်းမမှာ လူ ၅၀၀ စာသာ ၀င်လို့ရပေမယ့် အပြင်မှာရောဆိုရင် လူပေါင်း ၁ သောင်းလောက်ရောက်ရှိမယ်လို့ စမွတ်စာခွန်း ခရိုင် ရဲမှူးကြီး ဆွန်ကရိုင်း ဖူးလ်ဖိန့်က ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024