ရော်နယ်ဒို၏ ချေပဂိုးများဖြင့် ပေါ်တူဂီအသင်း ဟန်ဂေရီနှင့်သရေကျ (ရုပ်သံဟိုက်လိုက်)

3.4K
ယူရိုပြိုင်ပွဲ အုပ်စု အက်ဖ် ပွဲစဉ်မှာ နာမည်ကြီး ပေါ်တူဂီအသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ချေပဂိုးတွေကြောင့် ဟန်ဂေရီနဲ့ ၃ ဂိုးစီ သရေကျသွားပါတယ်။
ပေါ်တူဂီဟာ ၃ ပွဲ ကစားရာမှာ ၃ ပွဲစလုံး သရေကျပြီး အုပ်စုတွင်းမှာ အကောင်းဆုံး တတိယအသင်းအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ဟန်ဂေရီက ၁၉ မိနစ်မှာ စတင်သွင်းယူပြီး ပေါ်တူဂီအတွက် နာနီက ၄၂ မိနစ်မှာ ချေပဂိုး သွင်းယူပါတယ်။
ဟန်ဂေရီအတွက် ဒုတိယဂိုးကို ၄၇ မိနစ်မှာ သွင်းယူပြီး နောက် ၃ မိနစ်အကြာမှာ ရော်နယ်ဒိုက ချေပဂိုး ပြန်လည်သွင်းယူပါတယ်။
ဒီပွဲမှာ ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှု တဘက်သတ် အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ၂၁ ကြိမ်အထိ ရခဲ့ပါတယ်။
ဟန်ဂေရီအတွက် တတိယဂိုးကို ၅၅ မိနစ်မှာ သွင်းယူပြီးနောက် ချေပဂိုးကိုတော့ ရော်နယ်ဒိုကပဲ ၆၂ မိနစ်မှာ သွင်းယူပြီး သရေကျသွားတာပါ။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရော်နယ်ဒိုကပဲ ရရှိသွားပါတယ်။
ပေါ်တူဂီဟာ ရှုံးထွက်အဆင့်မှာ ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။