ဆွီဒင်ကို အနိုင်ယူပြီး ဘယ်လ်ဂျီယံ ရှုံးထွက်အဆင့် တက် (ရုပ်သံဟိုက်လိုက်)

1.8K
ယူရိုပြိုင်ပွဲ အုပ်စု အီး မှာ နာမည်ကြီး ဘယ်လ်ဂျီယံက ဆွီဒင်ကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ဘယ်လ်ဂျီယံအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်မှာ နိုင်ဂိုလန်က သွင်းယူပေးခဲ့ပါတယ်။
ဆွီဒင်ကတော့ အုပ်စုတွင်း နိုင်ပွဲတပွဲမှ မရဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပါတယ်။
လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ကြေညာထားတဲ့ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်အတွက်တော့ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားတဲ့ပွဲစဉ် ဖြစ်သွားခဲ့ပါတယ်။
အခုယူပြိုင်ပွဲမှာ တိုက်စစ်မှူး အီဗရာဟီဗိုဗစ် တဂိုးမှ သွင်းယူနိုင်ခြင်း မရှိပါဘူး။
ဒီပွဲမှာ ဆွီဒင်က ဘောလုံးပိုင်ဆိုင်မှု ပိုပြီးအသာရပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ ဘယ်လ်ဂျီယံက ပိုရခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီဘရိုင်း ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ ဘယ်လ်ဂျီယံဟာ ရမှတ် ၆ မှတ်၊ အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ဟန်ဂေရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။