သေနတ်ဖြင့် တေ့ခံထားရသည့် ဓားစာခံများကို တရုတ်ရဲ ကယ်တင်သည့်ရုပ်သံ ပျံ့နှံ့

1.8K
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ရဲတွေက မူးယစ်ဆေးရောင်းသူလို့ သံသယရှိသူ ဖမ်းဆီးခဲ့ပြီး သေနတ်နဲ့ တေ့ခံထားရတဲ့ ကလေးငယ်တွေအပါဝင် ဓားစာခံတွေကို ကယ်နိုင်ခဲ့ပါတယ်။
ဒီယံမြို့က သံသယရှိသူ ၂ ဦးရဲ့ တည်နေရာကို အတည်ပြုပြိးနောက် ချန်ဒူမြို့က ရဲအရာရှိတွေနဲ့ ဒီယံမြို့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇွန် ၂၀ ရက်နေ့က ဖမ်းခဲ့တာပါ။
သေနတ်တွေ ကိုင်ထားတဲ့ သံသယရှိသူ ၂ ဦးဟာ လူနေအိမ်ထဲ ဝင်လာခဲ့ပြီး ကလေးငယ်တွေပါဝင်တဲ့ ဒေသခံအုပ်စုကို ဓားစာခံခေါ်ရင်း အိပ်ယာခင်းတခုနဲ့ ဖုံးထားပြီး အကာအကွယ် ယူခဲ့ပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ သေနတ်သံတွေကြောင့် သံသယရှိသူတွေက ဓာတ်လှေကားနဲ့ အောက်ထပ်ကို ဆင်းလာခဲ့တာပါ။
ဓားစာခံတွေနဲ့ အကာအကွယ်ယူပြီး အဆောက်အဦထဲက ထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ တင်းမာတဲ့ ညှိနှိုင်းမှုတွေ ၁ နာရီနီးပါး လုပ်အပြီး အထူးရဲတပ်ဖွဲ့ဝင်တဦးက သံသယရှိသူ ဦးအပေါ် ခုန်အုပ်ခဲ့တာပါ။
တခြားအရာရှိတွေက ကျန်တဲ့ သံသယရှိသူကို ဝိုင်းထိန်းချုပ်ခဲ့ပါတယ်။ ဓားစာခံ ဖမ်းသူ ၂ လုံးကို ဖမ်းမိခဲ့ပြီး သူတို့ဆီက သေနတ်တလက်နဲ့ ကျည် ၆ တောင့် သိမ်းဆည်းမိခဲ့ပါတယ်။ သူတို့ကို အချုပ်ခန်းမှာထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။