လူအများ ၀ိုင်းတားနေသည့်ကြားမှ ကုန်ကားတစီး မြစ်ထဲထိုးဆင်း (ရုပ်သံ)
အိန္ဒိယနိုင်ငံ ဂါဒက်မှာ မာလာပရာဘာ မြစ်ရေကျော်နေတဲ့ လမ်းကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ကုန်တင်ကားတစီးဟာ ရေစီးနဲ့ မျောပါသွားပါတယ်။
မိုးရွာသွန်းနေစဉ် မြစ်ရေကျော်တဲ့ လမ်းကို ဖြတ်ဖို့ ကြိုးစားရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ကားသမားနဲ့ စပယ်ရာကို ဒေသခံတွေက ကယ်တင်နိုင်တယ်လို့ ဆိုပါတယ်။
ကားရေစီးနဲ့ မျောပါသွားတဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း ဇွန် ၂၀ ရက်နေ့က ယူကျူ့ပေါ်တင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးတွေရွာသွန်းနေသလို အရင်ရက်ပိုင်းကလည်း မိုးကြိုးပစ်လို့ ပြည်နယ် ၃ ခုမှာ တရက်အတွင်း လူ ၇၉ ဦးသေဆုံးခဲ့ပါတယ်။