A d v e r t i s e m e n t With Us

တရုတ်တွင် ရေကြီး ၃၅ ဦးသေ၊ ၂၈ ဦးပျောက်ဆုံး (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ခရိုင်က လောင်ရှန် စီရင်စုမှာ ပြင်းထန်တဲ့ မုန်တိုင်းကြောင့်  ရွံ့တွေနဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေကြောင့် လူ ၃၅ ဦး သေဆုံးပြီး ၂၈ ဦးပျောက်ဆုံးနေပါတယ်။ ဇွန် ၂၁ ရက်မှာ မနက် ၉ နာရီအထိ သေဆုံးပျောက်ဆုံးတဲ့ စာရင်းဖြစ်တယ်လို့ လူထု ရေးရာ ၀န်ကြီးဌာနကို ကိုးကားပြီး စီစီတီဗွီသတင်းက ဖော်ပြပါတယ်။ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် လူ ၇.၆ သန်းကျော်ထိခိုက်ပြီး တောင်ပိုင်းနဲ့ အလယ်ပိုင်း ခရိုင်တွေမှာ ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ဇွန် ၁၉ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ခရိုင် ၁၀ ခုမှာ မိုးသက် မုန်တိုင်းကြောင့် ရေကြီးခဲ့သလို တခြား သဘာဝ ဘေးအန္တရယ်တွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ တောင်ပိုင်းမှာတော့ ဒီလို မိုးရွာရေကြီးတာဟာ ဒီအချိန်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရာသီဥတုဖြစ်စဉ် မဟုတ်သလို ၂၄ နာရီအတွင်း မိုးရေချိန်က ၃၀၀ မီလီမီတာအထိ ရှိတယ်လို့သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up