A d v e r t i s e m e n t With Us

ကန့်ကွက်မှုများကြားမှ ရက်စက်သည့်ပွဲတော်အမည်ရ ခွေးသားစားပွဲတော် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်းက ယုလင်မြို့ ခွေးသားစားပွဲတော်ကို ပြည်တွင်းပြည်ပက အမျိုးမျိုးဆန့်ကျင်ကန့်ကွက်နေတဲ့ ကြားက ဇွန် ၂၁ ရက်က စတင်ကျင်းပလိုက်ပါတယ်။ ဒီ ၁၀ ရက်ကြာ ခွေးသားစားပွဲတော်အတွင်း ခွေးနဲ့ ကြောင် အကောင်ရေ ၁ သောင်းလောက်ကို သတ်ဖြတ်စားသောက်ကြမယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီပွဲတော်ဟာ တိရစ္ဆာန်တွေအပေါ် ရက်စက်တဲ့ပွဲတော်လို့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပြီး မကျင်းပဖို့ကိုလည်း တိရစ္ဆာန်ကာကွယ်သူ ၁၁ သန်း လောက် လက်မှတ်ရေးထိုးကန့်ကွက်ခဲ့ကြတာပါ။ မြို့ခံအစိုးရကတော့ ဒီပွဲတော်ကို သူတို့ တရားဝင်ကျင်းပခွင့် ပေးထားတာမဟုတ်ပဲ မြို့ခံတွေက သူတို့အစီအစဉ်နဲ့ သူတို့ကျင်းပတာလို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနဲ့ တခြားအာရှနိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ရာကတည်းက ခွေးသားစားတဲ့အလေ့အထတွေရှိခဲ့တယ်ဆိုပေမယ့် ဒီယုလင်မြို့ခွေးသားစားပွဲတော်ကို စပြီးကျင်းပလာတာကတော့ သိပ်နှစ်မကြာသေးဘူးလို့ တရုတ်အစိုးရပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up