A d v e r t i s e m e n t With Us

၂၈ ပေအမြင့်ပေါ် အလုပ်လုပ်ရင်း သတိလစ် တွဲလဲဖြစ်နေသူကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်ရှဟွေမှာ ၂၈ ပေအမြင့် သံမဏိဘောင်ပေါ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားဟာ သတိလစ်ပြီး အမြင့်ပေါ်မှာ တွဲလဲဖြစ်နေပါတယ်။ ဈေးဝယ်ဆင်တာရဲ့ ခေါင်မိုးကို အထောက်အကူပေးထားတဲ့ သံမဏိဘောင်တွေမှာ သတိမေ့သွားတဲ့ အလုပ်သမားဟာ တွဲလဲကျနေတာလို့ တရုတ် စီစီတီဗွီသတင်းမှာ ရေးပါတယ်။ အပူချိန်ဟာ ၄၀ ဒီဂရီလောက်ထိရှိနေတဲ့အတွက် အခုလို သတိမေ့သွားတာ ဖြစ်ပြီး မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက သတိမေ့နေတဲ့သူကို ကြိုးနဲ့ပတ်ပြီး မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း ချပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်သမားကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံပေါ် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up