ဟွန်းတီးသည်ကို မကျေနပ်၍ ထိုးကြိတ်ရန် စိန်ခေါ်သည့် ဘတ်စ်ကားဆရာ (ရုပ်သံ)
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခရီးသည်အပြည့် တင်ဆောင်ထားတဲ့ ဘတ်စ်ကားပေါ်က ကားဆရာက သူ့ကားကို ဟွန်းတီးတာ မကျေမနပ်ဖြစ်ပြီး ဟွန်းတီးတဲ့ ကားမောင်းသူကို ထိုးကြိတ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။
ကားပေါ်ကဆင်းပြီး ဟွန်းတီးတဲ့ကားမောင်းသူကို လူကြားမကောင်းအောင် ဆဲဆို ရေရွတ် စိန်ခေါ်ခဲ့ရာမှာ အဆဲခံရသူက တစုံတရာ တုံ့ပြန်ခဲ့ခြင်းမရှိဘဲ ဒီဖြစ်ရပ်ကို ဖုန်းနဲ့ မှတ်တမ်းတင်ကာ ရိုက်ကူးခဲ့ပါတယ်။
ဒီနောက် ဇွန် ၂၁ ရက်မှာ ရုပ်သံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်ကို တင်ခဲ့ပါတယ်။
မင်ဘူရီနဲ့ ဟူလန်ဖောင်မောင်းတဲ့ နံပါတ် ၁၁၃ ဘတ်စ်ကားဆရာက အန္တရာယ်ရှိအောင် မောင်းတာကြောင့် သူ့ကားကို ဟွန်းတီးလို့ ကျနော့်ကို ကျိန်စာတိုက်ပြီး လက်ခလယ်ထောင်ပြခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားပါတယ်။
ဒီအတွက် တာဝန်ရှိသူတွေက သူ့ကို အရေးယူသင့်တယ်လို့လည်း ဆိုပါတယ်။