ကုလအထူးကိုယ်စားလှယ်နှင့် ရခိုင်ဝန်ကြီးချုပ် တွေ့ဆုံ

ဓာတ်ပုံ - Rakhine Gazette
712
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီကနေ့ မနက် ၁၀ အချိန်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေကြောင်းလိုင်းနဲ့ ရောက်ရှိပြီး စစ်တွေလေဆိပ်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ပွဲမှာ ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက် အပြန်အလှန် အကူအညီဆောင်ရွက်ဖို့ ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ အဲဒီနေရာကို ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် က ပြောပါတယ်။
“သူ့တို့ ယူအန်က အကူအညီပေးတဲ့ကိစ္စကိုလည်း ဒီပြည်နယ်အစိုးရက အသိအမှတ်ပြုတယ် ပေါ့။ ဆက်ပြီးတော့လည်း ကူညီပေးသွားမယ်လို့ မျှော်လင့်တယ်ပေါ့။ ယူအန်ကတော့ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတည်ငြိမ်အးချမ်းရေးကော်မီတီမှာ တာဝန်ယူတဲ့အတွက်ကြောင့်မို့ ကျေနပ်အားရဖြစ်တယ်ပေါ့။ ”
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲအပြီးမှာ မစ္စယန်ဟီးလီဟာ ပုဏ္ဏားကျွန်းမြို့နယ်က ကာဒီ မူဆလင် ကျေးရွာနဲ့ ကျောက်တော်မြို့နယ် ပညာဝကျေးရွာမှာ ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ဒုက္ခသည် စခန်းဆီ သွားရောက်မယ်လို့ ရခိုင်ပြည်နယ်စိုးရ သတင်အရ သိရပါတယ်။