A d v e r t i s e m e n t With Us

တောင်တွင်းကြီးမြို့၌ ဂတ်စ်အိုးပေါက်ကွဲ၊ လူ ၁ ဦး ဗိုက်ပွင့်ထွက် ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဒီနေ့ မနက် ၈ နာရီလောက်က ဂတ်စ်အိုး ရုတ်တရက်ပေါက်ကွဲတဲ့အတွက် လူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 13524503_286006795081524_6008870463599498156_nမိုးပျံပူပေါင်း ရောင်းချတဲ့ ကိုငြိမ်းမောင်ဟာ မိုးပျံပူပေါင်းရောင်းချရာမှာ အသုံးပြုတဲ့ ဂတ်စ်အိုး အတွင်း ရေထည့်ဖို့အတွက် တောင်တွင်းကြီးမြို့ မောင်းတိုင်(၁)ရပ်ကွက် ရေစက်လမ်း အိမ်အမှတ် ၁၀၁ နေ ဦးတင်အုန်းရဲ့ နေအိမ်ရှေ့အရောက် နေအိမ်အတွင်းမှ ရေတခွက် တောင်းခံခပ်ယူပြီး ဂတ်စ်အိုးထဲ ရေထည့်နေစဉ် ခေတ္တအကြာမှာ ရုတ်တရက် ပေါက်ကွဲခဲ့တာပါ။ ဂတ်စ်အိုးသယ်ဆောင်လာသူ ကိုငြိမ်းမောင် ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာရရှိခဲ့ပြီး တောင်တွင်းကြီးပြည်သူ့ဆေးရုံမှာ အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဂတ်စ်အိုးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို သက်ဆိုင်ရာဌာနတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ဗိုလ်ပြည့် (တောင်တွင်းကြီး)

A d v e r t i s e m e n t With Us

More News
Up