အိမ်ရှင် အမေရိကန်ကို ဂိုးပြတ်အနိုင်ယူပြီး အာဂျင်တီးနား ကိုပါဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)
ကိုပါ အမေရိကားဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက အိမ်ရှင် အမေရိကန်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်မှာ တိုက်စစ်မှူး လာဗက်ဇီက သွင်းယူပါတယ်။
ဒုတိယဂိုးကို ၃၂ မိနစ်မှာ မက်ဆီက ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားက ပွဲအစအဆုံး ထိန်းချုပ်ကစားသွားပြီး ထိုးဖောက်ကန်သွင်းခွင့် ၈ ကြိမ် ရခဲ့ပါတယ်။
အိမ်ရှင် အမေရိကန်ကတော့ တဘက်နောက်တန်းကို မခြိမ်းခြောက်နိုင်သလို တပွဲလုံး ကစားရာမှာလည်း ထိုးဖောက်ကန်သွင်းခွင့် တကြိမ်တောင်မရဘဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ တိုက်စစ်မှူး မက်ဆီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအတွက် တတိယဂိုးကို မိနစ် ၅၀ နဲ့ အပိတ်ဂိုးကို ၈၆ မိနစ်မှာ တိုက်စစ်မှူး ဟီဂူရီရန်က သွင်းယူပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲမှာ ကိုလံဘီယာနဲ့ ချီလီ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။