A d v e r t i s e m e n t With Us

တားမြစ်ထားသည့်ကြားက မြောက်ကိုရီးယား ဒုံးကျည် ထပ်မံစမ်းသပ်

ဓာတ်ပုံ - အေပီ
ဒုံးကျည်တွေ စမ်းသပ်တဲ့အတွက် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ကြားထဲက မြောက်ကိုရီးယားက ဒုံးကျည ၂ လုံးကို ထပ်မံစမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ စမ်းသပ်တဲ့ဒုံးကျည် ၂ လုံးလုံးဟာ အားကောင်းတဲ့ ဒုံးကျည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမပစ်လွှတ်တဲ့ ဒုံးကျည်ကတော့ မအောင်မြင်ခဲ့ပေမယ့် ဒုတိယတလုံးကတော့ အောင်မြင်၊ မအောင်မြင် စိစစ်နေဆဲ ဖြစ်ပါတယ်။ အခုစမ်းသပ်တဲ့ Musudan ဒုံးဟာ ၁၈၀၀ မိုင်အထိ ရောက်ရှိနိုင်ပြီး တောင်ကိုရီးယား၊ ဂျပန်နဲ့ ပစိဖိတ် အနောက်ပိုင်းက အမေရိကန်ပိုင်တဲ့ ဂူအမ်အထိ ရောက်ရှိနိုင်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ နောက်ဆုံးစမ်းသပ်မှုကို အတည်ပြုနိုင်ပြီ ဖြစ်သလို ဒါကို သည်းမခံနိုင်ဘူးလို့ ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း စမ်းသပ်ဖို့ လုပ်ဆောင်နေတာကို ထောက်လှမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ နျူကလီးယားလက်နက် အစီအစဉ်ကြောင့် မြောက်ကိုရီးယားက ဒုံးကျည်နဲ့ပတ်သက်တဲ့ နည်းပညာတွေကို အသုံးမပြုဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ထားပါတယ်။ အရင် ၂ လက ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု ၄ ကြိမ်ကတော့ လေထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up