ထိုင်းမိုးပျံရထားပေါ် မိုးယိုမှု လူမှုကွန်ရက်ပေါ် ပျံ့နှံ့ (ရုပ်သံ)

2.2K
ဇွန် ၂၀ ရက်ညက မိုးသည်းထန်စွာ ရွာတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်က မိုးပျံရထား မျက်နှာကျက်ပေါ်ကနေ ရေတွေ အဆက်မပြတ် စီးကျမိုးယိုနေတဲ့ ဖြစ်ရပ်ကို နိုင်ငံခြားသားတဦးက မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။
ဒီနောက် ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက် တွစ်တာပေါ်မှာ အသုံးပြုသူ danieljcorriganက တင်ခဲ့ပါတယ်။
“SUK လိုင်းဝန်ဆောင်မှုကို ဒီလိုဖြစ်နေရင်တော့ ရပ်တန့်သင့်တယ်” လို့ သူက ရေးတင်ခဲ့ပါတယ်။
ရုပ်သံဖိုင်ဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး လူမှုကွန်ရက် အသုံးပြုသူ ထိုင်းတဦးကလည်း ထိုင်းမှာသာရှိတဲ့ ရထားပေါ်က ရေတံခွန်တခုလို့ ရေးပြီး ဘာကြောင့် ရထားကို ဆက်ပြေးဆွဲနေတာလဲဆိုတာ မယုံနိုင်ဘူးလို့ ရေးပါတယ်။
ခရီးဝေး အလုပ်ဆင်းတဲ့သူတွေကို အေးအောင် ဆောင်ရွက်ပေးချင်တာ ဖြစ်တယ်လို့လည်း မှတ်ချက်ရေးသူတွေက ရေးပါတယ်။