ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေကူညီမှု အလွန်အရေးကြီးဟု ဒေါက်တာတင်မျိုးဝင်း ဆို
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ကူညီမှုဟာ အလွန်အရေးကြီးတယ်လို့ ၂၁ ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဇွန် ၂၁ ရက်ကပြုလုပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကြိုတင်တွေ့ဆုံပွဲမှာပြော ဆိုလိုက်ပါတယ်။
တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို အရပ်ဖက် အဖွဲ့အစည်းတွေက ဝင်ရောက်ဖြန်ဖြေပေးနိုင်တဲ့အတွက် အခုလိုပြောဆိုတာပါ။ အဲ့ဒါအပြင် စစ်ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှောက်ရာမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေဟာ မရှိမဖြစ် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပတာနဲ့တပြိုင်နက် အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်ကို လည်း တပြိုင်နက်ကျင်းပနိုင်ဖို့ အန်အယ်လ်ဒီက ပြင်ဆင်နေတာဖြစ်ပါတယ်။
ပန်ဒါဟိုတယ်မှာပြုလုပ်တဲ့ အကြိုတွေ့ဆုံပွဲကို အရပ်ဖက်အဖွဲ့အစည်း ၇၀ ကျော်တက်ရောက်ခဲ့ပါ တယ်။