A d v e r t i s e m e n t With Us

ကြက်ဥကြော်၍ရသည့် လမ်းပေါ်က ရေဆိုးမြောင်းအဖုံး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုက နေရာတချို့မှာ အန္တရာယ်ရှိလောက်အောင် ပူပြင်းနိုင်တဲ့အတွက် ဒေသခံတွေကို နေရောင်အောက်မှာ မနေကြဖို့ သတိပေးနေပါတယ်။ ဇွန် ၂၀ ရက်ဟာ လော့စ်အိန်ဂျယ်လိစ်၊ လာ့စ်ဗေးဂတ်စ်၊ ဖိုးနစ်နဲ့ တပ်ဆန်တို့မှာ အပူလှိုင်းဖြတ်မှာဖြစ်သလို အပူချိန်က ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိ တက်နိုင်တယ်လို့ ဆိုပါတယ်။ ဇွန် ၁၉ ရက်က နယူးမက္ကဆီကို၊ အရီဇိုးနား၊ နီဗားဒါးနဲ့ ကယ်လီဖိုးနီးယားတို့မှာ အပူချိန်က စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ဒီနေ့မှာပဲ အရီဇိုးနားမှာ ၁၂၀ ဒီဂရီ၊ ဖိုးနစ်မှာ ၁၁၈၊ ကယ်လီဖိုးနီးယားမှာ ၁၁၈ အထိ ရောက်ရှိခဲ့ပါတယ်။ ဖိုးနစ်မှာတော့ လမ်းအောက်ရှိ ရေဆိုးပြွန်တွေကို ဆင်းသက် စစ်ဆေးနိုင်ဖို့ ဖောက်ထားတဲ့ အဖုံးပါ လူဆင်းပေါက်မှာ ကြက်ဥတွေကို ကြော်လို့ရတဲ့အထိ ပူပြင်းခဲ့ပါတယ်။ အရီဇိုးနားမှာ လူ ၄ ဦး အပူကြောင့် သေဆုံးခဲ့ပါတယ်။ ဒီအထဲမှာ ခြေလျင်ခရီးထွက်တဲ့သူ ၂ ဦးလည်း ပါဝင်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ အပူကြောင့် လေကြောင်းခရီးစဉ်တချို့လည်း ရွှေ့ဆိုင်းပြောင်းလဲခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up