ဖားကန့်တွင် ရေကြီးရေလျှံမှုဖြစ်
DVB
·
June 21, 2016
ကချင်ပြည်နယ် ဖားကန့်မြို့တောင်ဘက် ၂ မိုင်ကျော်အကွာ ဆိတ်မူကျေးရွာမှာ ဇွန်လ ၂၀ ရက်နေ့ ညက မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်ကာ လူနေရပ်ကွက်ထဲ ရေတွေဝင်ခဲ့ပါတယ်။
တောင်ကျချောင်းရေနဲ့ မိုးရေကြောင့် ဝေခါချောင်းနဲ့ မှော်လျှံချောင်းရေလျှံပြီး ယမန်နေ့ ည ၆ နာရီခွဲက ဆိတ်မူကျေးရွာရှိ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ တွေထဲ ရေတွေဝင်လာခဲ့တယ်လို့ ဆိတ်မူကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရေတွေဟာ ပေါင်လည်ခန့်ထိတက်လာပေမယ့် ပျက်စီးဆုံးရှုံးမှု မရှိသလို ည ၈ နာရီကျော် လောက်မှ ရေတွေပြန်ကျသွားကြောင်း၊ ဆိတ်မူကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး ကျန်တဲ့ရွာက ရေကြီးတဲ့သတင်းကိုတော့ မသိရသေးဘူးလို့ ၀န်ထမ်းက ပြောသွားပါတယ်။
(ဓာတ်ပုံ - ဦးရွှေသိန်း)