Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦးကို နေအိမ်တွင်သတ်ခဲ့သူ ကျောင်းဆရာမ သားအမိကို ဖမ်းဆီး
DVB
·
June 21, 2016
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဇွန်လ ၂၀ ရက်နေ့က အသက် ၅၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးသတ်ခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံ ကျောင်းဆရာမသားအမိကို ရဲတပ်ဖွဲ့က ၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူမှာ ဒေါ်ခင်မြ၀င်းဆိုသူဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ (၅) လမ်း၊ အိမ်အမှတ်(၁၃၁-အေ)၊ ပထမထပ်(ယာ)အခန်းမှာနေထိုင်သူဖြစ်ပြီး နေအိမ်မှာ တဦးတည်း ရှိနေချိန်မှာ အသတ်ခံခဲ့ရတာပါ။ သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲနိုင်ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းစာရေးတဦးဖြစ်ကာ နေအိမ်ကို ညပိုင်း ၈ နာရီခွဲ လောက် ပြန်လာချိန်မှာ မိခင်ဖြစ်သူကို မျက်နှာဝဲဘက်ပြတ်ရှ၊ ဦးခေါင်းသွေးထွက်ဒဏ်ရာတွေနဲ့ ရေချိုးခန်း တွင်း သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။   [caption id="attachment_155718" align="alignright" width="352"]ဓာတ်ပုံ - Yangon Police ဓာတ်ပုံ - Yangon Police[/caption] သူဟာ ပြစ်မှုကျူးလွန်သူကို စုံစမ်းအရေးယူပေးဖို့ ရဲစခန်းကို တိုင်တန်းခဲ့ချိန်မှာ ရဲစခန်းမှ (ပ)၅၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးခဲ့ပါ တယ်။ အိမ်နီးချင်းပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးချက်တွေအရ “ဆရာမရယ်၊ မလုပ်ပါနဲ့” လို့ အော်ဟစ်ပြောဆိုသံတွေကြားခဲ့ရတယ်လို့ ရဲတွေက သိရချိန်မှာ သားဖြစ်သူကို ဆရာမ ဆိုသူတွေနဲ့ ဆက်စပ်မှုကို မေးမြန်းခဲ့ချိန်မှာ မိခင်ဖြစ်သူနဲ့ ဒေါ်အေးအေးမော်အမည်ရ ကျောင်းဆရာမတဦးဟာ ၂၀၀၇ ခုနှစ်လောက်ကတည်းက အဆက်အသွယ်ရှိခဲ့ တယ်လို့ ပြောခဲ့ပါတယ်။ မှုခင်းစစ်ဆေးရေးအဖွဲ့တွေဟာ ဒေါ်အေးအေးမော် (ခ)အင်ကြင်းခိုင်ရဲ့လိပ်စာကို အဖွဲ့တွေ ခွဲပြီး စုံစမ်းဆောင်ရွက်ခဲ့ချိန်မှာ သူဟာ ၂၀၀၇ ခုနှစ်မှာ အထက (၂) ပုဇွန်တောင်မှ လှည်းကူး မြို့နယ်သို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ လှည်းကူးမြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမှတ် (၇) မူလွန်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အနော်ရထာလမ်းမှာ နေထိုင်ကြောင်း သိရှိခဲ့ရ တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေက ည ၁၀ နာရီခွဲလောက်မှာ သွားရောက်ခဲ့ ချိန်မှာ မတွေ့ခဲ့ရလို့ တလမ်းတည်းနေ မွေးစားသမီးဖြစ်သူ မကျော့ကေခိုင်(ခ) ချစ်ပုကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့လက်မှာ မသင်္ကာစရာ ဒဏ်ရာတွေတွေ့ခဲ့ရာမှ ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့ ချိန်မှာ ပြစ်မှုကျူးလွန်ချိန်မှာ ကျကျန်ခဲ့တဲ့ ကျူးလွန်သူကျန်ရစ်ခဲ့သော ကြယ်ပုံ ၂ ခုပါ ဘဲဥပုံ (ရွှေအတု) လော့ကက်သီးကို ပြသချိန်မှာ မွေးစားမိခင်ဖြစ်သူရဲ့ ပစ္စည်းဖြစ်တယ်လို့ ၀န်ခံ ထွက်ဆိုခဲ့တာပါ။ အဲဒီနောက်မှာတော့ ဒေါ်အေးအေးမော်သွားလာတတ်တဲ့နေရာတွေကို စုံစမ်းစစ်ဆေး ချိန်မှာ မိခင်ဖြစ်သူဟာ တောင်ဥက္ကလာပမြို့နယ်ထဲက စိန်တောင်ကြီးဟိုတယ်ကို သွားရောက် လေ့ ရှိတယ်လို့ပြောလို့ သွားရောက်စစ်ဆေးခဲ့ချိန်မှာ သူ့ကို အင်ကြင်းခိုင် အမည်နဲ့ တခြား အမျိုးသားတဦးနဲ့တည်းခိုနေချိန်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒေါ်အေးအေးမော်က သေဆုံးသူ ဒေါ်ခင်မြ၀င်းထံမှ ရဖို့ရှိတဲ့ အကြွေးသိန်း ၃၀ ကို တောင်းဖို့ အဲဒီနေ့ မနက် ၉ နာရီလောက်မှာ မွေးစားသမီးဖြစ်သူ ကျော့ကေခိုင်(ခ) ချစ်ပုနဲ့အတူ သွားရောက်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီအချိန်မှာပဲ တဦးနဲ့ တဦး အခြေအတင်စကားများရာကနေဒေါ်အေးအေးမော် (ခ)အင်ကြင်းခိုင်မှ ဒေါ်ခင်မြ၀င်းကို စတင်ရိုက်နှက်ရာ ဒေါ်ခင်မြ၀င်းမှ ဖုန်းအားသွင်း ကြိုးဖြင့် လည်ပင်းအားရစ်ပတ်ဆွဲသဖြင့် မကျော့ကေခိုင်(ခ)ချစ်ပုမှဝင်ရောက်ရိုက်နှက်ခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ဒေါ်ခင်မြ၀င်းမှနောက်ဖေးမီးဖိုမှ ဓားမကို ယူလာပြီး ခုတ်တဲ့အ တွက် မကျော့ကေခိုင်(ခ)ချစ်ပုရဲ့ယာဘက်လက်ချောင်းတွင် ဒဏ်ရာတွေရရှိခဲ့တဲ့ အတွက် ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်မှ ဒေါ်ခင်မြ၀င်းအား ရေချိုးခန်းအတွင်း သို့တွန်းလှဲကာ လည်ပင်းနဲ့ ပါးတွေကို ဓားမနဲ့ ထိုးခုတ်ခဲ့တာပါ။ အဲဒီနောက်သမီးဖြစ်သူကို အိပ်ခန်းအတွင်းမှ ခေါင်းအုံးယူခိုင်းကာဒေါ်ခင်မြ၀င်းရဲ့ မျက်နှာကို အသက်ရှူရပ်သည်အထိဖိထားကာ ဒေါ်ခင်မြ၀င်းဝတ်ဆင်ထားတဲ့ ရွှေဆွဲ ကြိုးနဲ့ လက်ကောက် ၃ ကွင်းကို ဖြုတ်ယူပြီး လက်ဖက်ရည်ဆိုင်မှ သားမက်ဖြစ်သူကို ခေါ်ပြီး နေအိမ်သို့ပြန်လာခဲ့ကြတာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။ ရွှေဆွဲကြိုးနှင့် ရွှေလက်ကောက်တွေကိုတော့ နေ့လည် ၂ နာရီအချိန်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၄)ရပ်ကွက်၊ စည်ပင်လမ်း၊ အမှတ်(၉၉)ရှိ “ပို့ပို့” အပေါင်ဆိုင်နဲ့ ငွေချေး လုပ်ငန်းမှာ ငွေကျပ် ၂၁ သိန်းနဲ့ ပေါင်နှံခဲ့တာဖြစ်ပြီး အမှုမှ သက်သေခံ ရွှေထည်ပစ္စည်းတွေကို မူလပုံမပျက်ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024