ကောင်းကင်စတီးကြိုးတန်းပေါ် မူးမေ့သတိလစ်ခဲ့သည့် အမျိုးသားကို သက်စွန့်ကယ်တင် (ရုပ်သံ)

1K
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ နင်ရှာဟွီ စီရင်စုနယ်မြေထဲမှာ အလုပ်သမားတဦးဟာ မြေပြင်မှ အမြင့် ၂၈ မီတာရှိတဲ့ ကောင်းကင်စတီးကြိုးတန်း တခုပေါ်မှာ အလုပ်လုပ်နေချိန် ရုတ်တရက် မူးမေ့သတိလစ်သွားခဲ့လို့ အရေးပေါ် ကယ်တင်ခဲ့ရပါတယ်။
သူဟာ ဈေးဝယ်စင်တာတခုရဲ့ ခေါင်မိုးထပ်နဲ့ ဆက်စပ်နေတဲ့ စတီးကြိုးတန်းပေါ်မှာ အလုပ်လုပ်နေခဲ့ချိန် ရုတ်တရက် အသိစိတ်ကင်းလွတ်ကာ မူးမေ့ သတိလစ်သွားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိနေပြီး ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့တွေဟာ သူ့ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့ကြရပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သတိလစ်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ကြိုးနဲ့ချည်နှောင်ပြီး မြေပြင်ဆီ တဖြည်းဖြည်းနှိမ့်ချခဲ့ရတာကို တွေ့ရပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်ဟာ လေထဲမှာ တွဲလောင်းကျနေခဲ့တာဖြစ်ပြီး မြေပြင်ဆီရောက်အောင် ထိန်းကာ ချခဲ့ရတာပါ။
နောက်ဆုံးမှာတော့ သူ့ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။