A d v e r t i s e m e n t With Us

ရုရှားကို ဂိုးပြတ်အနိုင်ယူပြီး ဝေးလ်စ်အသင်း ရှုံးထွက်အဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ အုပ်စု ဘီ နောက်ဆုံးပွဲစဉ်အဖြစ် ဝေးလ်စ်နဲ့ ရုရှားတို့ ဇွန် ၂၀ ရက်က ယှဉ်ပြိုင်ရာ ဝေးလ်စ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ ဝေးလ်စ်အသင်းဟာ ဒီပွဲအနိုင်ရမှ နောက်တဆင့်တက်ဖို့ စိတ်ချရမှာဖြစ်လို့ အားကြိုးမာန်တက် ကစားသွားခဲ့တာပါ။ ဒီပွဲမှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာဟပေမယ့် ဂိုးကန်သွင်းခွင့်၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်တာတွေမှာတော့ ဝေးလ်စ်အသင်းက အသာရခဲ့ပါတယ်။ ဝေးလ်စ်အတွက် ဂိုးတွေကို ၁၁ မိနစ်မှာ ရမ်ဆေး၊ မိနစ် ၂၀ မှာ တေလာနဲ့ ၆၇ မိနစ်မှာ ဘေးလ်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြကစားပြီး အဖွင့်ဂိုးပါ သွင်းယူပေးနိုင်ခဲ့တဲ့ ရမ်ဆေးကို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ဝေးလ်စ်အသင်းဟာ ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ရုရှားကတော့ သုံးပွဲကစားပြီး ရမှတ် တမှတ်နဲ့ အုပ်စုအဆင့်ကနေပဲ ထွက်သွားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up