Home
မြန်မာသတင်း
စစ်မှန်သည့်​အ​ပြောင်း​အလဲ လက်​တွေ့​လုပ်ရန်လိုဟု မြန်မာအစိုး​ရကို အ​မေရိကန်သံတမန်​ပြော
DVB
·
September 14, 2011
မြန်မာအစိုး​ရအ​နေနဲ့​ စစ်မှန်တဲ့​ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်​ဆောင်ဖို့​ အ​ရေး​ကြီး​ ​ကြောင်း​ အ​မေရိကန်အထူး​ကိုယ်စား​လှယ်၊​ မူဝါဒညှိနှိုင်း​ရေး​မှူး​ ဒဲရက်မစ်ချယ်က မြန်မာနိုင်ငံ ၅ ရက်ခရီး​စဉ်အဆုံး​မှာ ​ပြောကြား​သွား​ပါတယ်။ မြန်မာပြည်အ​ပေါ် စီး​ပွား​ရေး​ ပိတ်ဆို့​ဒဏ်ခတ်ထား​တဲ့​ အ​မေရိကန်မူဝါဟာလည်း​ ​ပြောင်း​လဲမှာမဟုတ်​သေး​ကြောင်း​ ​ပြောသွား​ပါတယ်။ အ​မေရိကန်အထူး​ကိုယ်စား​လှယ်က မြန်မာပြည်က ဒီမနက် မထွက်ခွာမီ ရန်ကုန်​လေဆိပ် သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောကြား​ရာမှာ အစိုး​ရအ​နေဲ့​ နိုင်ငံ​ရေး​အကျဉ်း​ သား​အား​လုံး​ကို လွှတ်​ရေး​ အပါအဝင် ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို လက်​တွေ့​လုပ်​ဆောင် ​ရေး​ဟာ မြန်မာ-အ​မေရိကန် နှစ်နိုင်ငံဆက်ဆံ​ရေး​အတွက် အ​ရေး​ကြီး​ပါတယ်လို့​ ​ပြောကြား​သွား​ပါတယ်။ “နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ကို ခြွင်း​ချက်မရှိလွှတ်တာ၊​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် နိုင်ငံ​ရေး​အတိုက်အခံ​တွေနဲ့​ အဓိပ္ပာယ်ရှိရှိ ​တွေ့​ဆုံ​ဆွေး​နွေး​တာ၊​ တိုင်း​ရင်း​သား​ လူနည်း​စု​တွေနဲ့​ လက်နက်ကိုင်ပဋိပက္ခဖြစ်မယ့်​အစား​ ​တွေ့​ဆုံ​ဆွေး​နွေး​တာ၊​ အမျိုး​သား​ပြန် လည်သင့်​မြတ်​ရေး​မှာ အချိန်မီ ​ဆောင်ရွက်တာ ​တွေနဲ့​ ရိုး​သား​စစ်မှန်တာကိုပြသဖို့​၊​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ မတရား​ပြုကျင့်​မှု​တွေကို စုံစမ်း​စစ်​ဆေး​ဖို့​ အစိုး​ရကိုတိုက်တွန်း​ ခဲ့​ကြောင်း​” ဒဲရက်မစ်ချယ်က ​ပြောကြား​သွား​တာပါ။ “နှစ်နိုင်ငံဆက်ဆံ​ရေး​ တိုး​တက်ဖို့​ ဒီအချက်​တွေမှာ တိုး​တက်မှုရှိဖို့​ မဖြစ်မ​နေ အ​ရေး​ကြီး​ကြောင်း​၊​ ဒါ​တွေကို မြန်မာအစိုး​ရက လက်ဆုပ်လက်ကိုင်ပြနိုင်​လောက်​အောင် အ​ရေး​ယူ​ဆောင်ရွက်ရင် အ​မေရိကန်ကလည်း​ အလား​တူတုံ့​ပြန်မှာပါ”လို့​ အစိုး​ရကို ​ပြောခဲ့​ တယ်လို့​လည်း​ ဆိုပါတယ်။ အ​မေရိကန်က မြန်မာပြည်အ​ပေါ် ချမှတ်ထား​တဲ့​ မူဝါဒသ​ဘောထား​က​တော့​ မ​ပြောင်း​လဲ​ကြောင်း​ အ​မေရိကန် အထူး​ကိုယ်စား​လှယ်က ​ပြောကြား​သွား​ပါတယ်။ “ကျ​နော်တို့​ပေါ်လစီ မ​ပြောင်း​လဲ​သေး​ပါဘူး​။ ကျ​နော့်​ခရီး​စဉ်ဟာ ဒီ​ပေါ်လစီနဲ့​အညီပါပဲ။ ပိတ်ဆို့​ဒဏ်ခတ်အ​ရေး​ယူထား​မှုဟာ နဂိုအတိုင်း​ ရှိပါတယ်။” ဒါ့​အပြင် မစ္စတာမစ်ချယ်က လက်နက်မပြန့်​ပွား​ရေး​နဲ့​ ပတ်သက်ပြီး​ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်စီက ပြဌာန်း​ထား​တဲ့​ သ​ဘောတူညီချက်အား​လုံး​ကို လိုက်နာဖို့​ အစိုး​ရကို တိုက်တွန်း​သွား​ပြီး​ ​မြောက်ကိုရီး​ယား​နဲ့​ စစ်​ရေး​ဆက်ဆံမှုကိုလည်း​ စိုး​ရိမ်​ကြောင်း​လည်း​ ​ပြောသွား​ပါတယ်။ “ကိုရီး​ယား​ဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့​ အစိုး​ရရဲ့​ စစ်​ရေး​ဆက်သွယ်မှု​တွေနဲ့​ ပတ်သက်ပြီး​ ပွင့်​လင်း​မြင်သာမှု သိပ်မရှိတာ​တွေအ​ပေါ် စိုး​ရိမ်မကင်း​ဖြစ်မှု​တွေကိုလည်း​ တင်ပြခဲ့​ပါတယ်။” လူ့​အခွင့်​အ​ရေး​ကော်မရှင်နဲ့​ ပတ်သက်လို့​လည်း​ ​ဆောင်ရွက်ချက်​တွေကို ​စောင့်​ကြည့်​ရဦး​မှာဖြစ်​ကြောင်း​၊​ အစိုး​ရ တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာ နိုင်ငံ​ရေး​ အကျဉ်း​သား​လွှတ်​ရေး​နဲ့​ ပတ်သက်လို့​ တိကျတဲ့​အ​ဖြေမသိရ​ကြောင်း​ ဒဲရက်မစ်ချယ်က ​ပြောသွား​ပါတယ်။ “​နေပြည်​တော်က အကြီး​အကဲ​တွေနဲ့​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခွင့်​ရပါတယ်။ ဘာဆုံး​ဖြတ်ချက်မှ မချပါဘူး​။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့​ ရလဒ်​တော့​ ​ပေါ်ထွက်မလာခဲ့​ပါဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024