A d v e r t i s e m e n t With Us

မူးယစ်ဆေးနှင့် မိုင်းရှာဖွေရေးအသုံးပြုရန် ကလေးခရိုင်ရဲတပ်ဖွဲ့၏ ပထမဆုံးတပ်ဖွဲ့ဝင်သစ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်နှိမ်နှင်းရေးတွေမှာ ပထမဆုံးခွေးအဖြစ် တာဝန်ထမ်းဆောင်မယ့် အယ်ဇေးရှင်း အမျိုးအစားခွေးတကောင်ဟာ ဇွန်လ ၁၉ ရက်နေ့ ညနေက ကလေးခရိုင်ရဲတပ်ဖွဲ့ စခန်းကို ရောက်လာပါတယ်။ အဲ့ဒီ ရောက်ရှိလာတဲ့ ခွေးကို ဘရောင်နီလို နာမည်ပေးထားကာ အိန္ဒိယ နိုင်ငံကနေ ဝယ်ယူခဲ့ပြီး တန်ဖိုး ၄ သိန်းကျပ် ရှိတယ်လို့လဲ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။ “ဘရောင်နီဟာ ကလေးရဲတပ်ဖွဲ့စခန်းကနေ လာမယ့် ၈ လပိုင်းမှာ ရန်ကုန်က ခွေးလေ့ကျင့်ရေး သင်တန်းကို တက်ရမှာပါ။ ပြန်လာတဲ့အခါ ဘရောင်နီကို တပ်ဖွဲ့ဝင်သစ်အဖြစ် တာဝန် ထမ်းဆောင်ခွင့် ပြုပေးရမှာပါ။ ကလေးခရိုင်ရဲတပ်ဖွဲ့အတွက်တော့ ပထမဆုံး တပ်သားသစ် ဖြစ်ပါတယ်”လို့ ခရိုင်ရဲမှူးကပဲ ဆက်လက်ပြောခဲ့ပါတယ်။ အခုလက်ရှိမှာ ဘရောင်နီရဲ့ အသက်ဟာ ၁၀ လသားအရွယ်သာ ရှိနေသေးပြီး သင်တန်းဆင်းခဲ့ပြီး တပ်ဖွဲ့ဝင် ဖြစ်တာနဲ့ တစ်လကို စားစရိတ် ၃၀၀၀၀ ကျပ်နဲ့ ဆေးထောက်ပံ့မှု ၁၅၀၀၀ ကျပ် စုစုပေါင်း ၄၅၀၀၀ ကျပ် လစာ ရရှိမှာ ဖြစ်ပါတယ်။ ကလေးခရိုင်နဲ့အတူ တမူးခရိုင်ရဲတပ်ဖွဲ့မှာလည်း အလားတူ ရဲတပ်ဖွဲ့ဝင် ခွေးတကောင်ကို တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ၄င်းရဲ့ မိုင်းနဲ့မူးယစ်ဆေး အာရုံခံ စွမ်းအားပေါ်မူတည်ပြီး နောက်ထပ် တပ်ဖွဲ့ဝင်သစ် တစ်ကောင် ခန့်အပ်ဖို့လည်း လျာထားမှုရှိတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်    

A d v e r t i s e m e n t With Us

More News
Up