တရုတ် အနောက်တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာပြီး ရေလွှမ်းမိုး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၈ နဲ့ ၁၉ ရက်နေ့တွေက မိုးအဆက်အပြတ်ရွာသွန်းပြီး နေအိမ်တွေနဲ့ ကားလမ်းတွေ ရေလွှမ်းမိုးနေတယ်လို့ အစိုးရပိုင် သတင်းဌာနတွေက ကြေညာပါတယ်။ ဇွန် ၁၈ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၀ နာရီအတွင်း မိုးရေချိန် ၁၈၂ မီလီမီတာ ရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းတွေမှာ ရေ ၆ ပေလောက် နစ်မြုပ်ခဲ့တာပါ။ ရေနဲ့ပါသွားနိုင်တဲ့ကားတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ ဆွဲတင်ခဲ့ကြပြီး နေအိမ်တွေမှာ ပိတ်မိနေတဲ့ မြို့ခံတွေကိုလည်း အရေးပေါ် ကယ်ဆယ်ခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ လူ ၅ ဦး သေဆုံးတယ်လို့ စီစီတီဗွီရုပ်သံက ကြေညာပါတယ်။ ဇွန် ၂၀ ရက်နေ့ နှောင်းပိုင်းအထိ တရုတ်နိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနိုင်ပြီး တရုတ်အမျိုးသား မိုးလေ၀သဌာနက အ၀ါရောင်သတိပေးချက် ဆက်လက်ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up