ကသာမြို့နယ် လမ်းခကောက်ခံရေးဂိတ်တွင် စိတ်ကြွဆေးပြား ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းမိ

4.4K
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် လမ်းခွကျေးရွာ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှာ WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃ ထောင့် ၇ ရာကျော် ဖမ်းမိခဲ့ပါတယ်။
ဗန်းမော်၊ ကသာ၊ အင်းတော် ကားလမ်းနှင့်ငါးအိုး ကသာ-အင်းတော် ကားလမ်းတို့ဆုံရာ လမ်းခွကျေးရွာ လမ်းအသုံးပြုခကောက်ခံရေးဂိတ်မှာ ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ ခွဲနာရီ အချိန်က ကသာခရိုင် မူးယစ်တပ်ဖွဲ့စု ဒုရဲမှူး ရန်နိုင်ထွန်းဦးစီးအဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖြတ်သန်းသွားတဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေနေစဉ် ကသာမြို့ဘက်မကနေ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာမှာ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီမိခဲ့တာပါ။
မူးယစ်ဆေးပြားတွေကို ကချင်ပြည်နယ် ရွှေကူမြို့နယ် စင်းဖုတ်ကျေးရွာနေ အောင်ဆန်းဦးနဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်နောင်ကျေးရွာနေ မခေါန်တောင်တို့ ၂ ဦးထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၇၅၀ ပြား တန်ဘိုး ၁၁၂၅၀၀၀၀ ဖမ်းမိခဲ့ပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားများ တရားမဝင် သယ်ဆောင်လာသူ အောင်ဆန်းဦး (ခ) မုတ်ဆိပ်နှင့် မခေါတောင်တို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉ (က) /၂၁ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း ကသာမြို့မ ရဲစခန်းက အရေးယူထားတယ်လို့ သိရပါတယ်။
သီဟဆွေ (ကသာ)