A d v e r t i s e m e n t With Us

သပိတ်မှောက်ဆရာ၊ ဆရာမများနှင့် မက္ကဆီကိုရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်၊ ၆ ဦးသေဆုံး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ဇွန်လ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ သပိတ်မှောက် ဆရာ၊ ဆရာမတွေနဲ့ ရဲတွေကြား ပဋိပက္ခကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း အစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု တွန်းအားအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေထဲမှာ အဆိုးဝါးဆုံး အခြေအနေတခု ဖြစ်ခဲ့တာပါ။ မက္ကဆီကိုအစိုးရက ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို အကဲဖြတ်မယ့် အစီအစဉ် အပါအ၀င် ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို မကျေနပ်ကြတဲ့အတွက် နိုင်ငံတ၀န်းမှ ဆရာ၊ ဆရာမတွေက ခုလို ကန့်ကွက်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ ပညာရေးဝန်ထမ်းများသမဂ္ဂ အဖွဲ့ဝင်တွေဟာ အွစ်ဆကာမြို့မှာရှိတဲ့ ရေနံချက်စက်ရုံ ၀င်ပေါက်ကို သီတင်းတပတ်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့ကြလို့ ရဲတွေက အင်အားသုံး ဖြိုခွဲခဲ့ကြရတာပါ။ ဆန္ဒပြမှုကြောင့် ရေနံချက်စက်ရုံကိုလာတဲ့ ဆီတင်ကား အနည်းဆုံး ၁၀၀ ကျော် မ၀င်နိုင်ခဲ့ကြဘဲ ပိတ်မိနေခဲ့တာလို့ ဆိုပါတယ်။ အ၀င်ပေါက်ကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြတဲ့ လူစုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ကြတာပါ။ ဒီမတိုင်ခင်မှာလည်း နိုင်ငံရဲ့ တခြားပြည်နယ်တွေမှာ ပညာရေးသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ရဲလုံခြုံရေးတွေ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up