အင်ဒိုနီးရှားတွင် မြေပြို၊ ၃၅ ဦးသေဆုံး

1.3K
အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က မိုးသည်းသည်းမည်းမည်းရွာသွန်းတာကြောင့် ရေကြီးမြေပြိုရာမှာ ၃၅ ဦးသေဆုံးပြီး ၂၅ ဦးပျောက်ဆုံးနေပါတယ်။
မြေပြိုမှုကြောင့် ၃၁ ဦးသေဆုံးပြီး ရေနစ်မြုပ်မှုကောင့် ၄ ဦး.သေဆုံးခဲ့တယ်လို့အမျိုးသား ဘဘာဝဘေးထိန်းချုပ်မှုအေဂျင်စီပြောခွင့်ရသူရဲ့ ရှင်းလင်းချက်ကို ကိုးကားပြီး စီအန်အန် သတင်းမှာ ဖော်ပြပါတယ်။
အမျိုးသား သဘာဝဘေးထိန်းချုပ်မှုအေဂျင်စီအဆိုအရ စနေနေ့က ဂျာဗားအလယ်ပိုင်း ခရိုင် ၁၆ ခုအတွင်းမှာ မြေမြိုမှုကြောင့် ဒါဇင်နဲ့ချီတဲ့နေအိမ်တွေ မြေအောက်ကျွံနစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေ ရေနစ်မြုပ်ကုန်တယ်လို့ ဆိုပါတယ်။
အစိုးရက စေလွှတ်တဲ့ စစ်သားတွေနဲ့ရဲတွေက ရေကြီးနေတဲ့ဒေသတွေမှာ ပျောက်ဆုံးနေ သူတွေကို လိုက်လံရှာဖွေကြပါတယ်။ နေရာရွှေ့ပြောင်းပေးထားတဲ့ ဒေသခံတွေအတွက် အမိုးအကာတွေ စီစဉ်ဆောင်ရွက်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မိုးတွင်းကာလတွေမှာ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ မကြာခဏသတင်းတွေ ထွက်ပေါ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့လက စုမတြားကျွန်းအနောက်ဘက် မှာဖြစ်ခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုမှာ လူ ၁၆ ဦးသေဆုံးခဲ့ပါတယ်။