ဆိုင်ကယ်သမားသုံးဦးက လူတဦးကို တိုက်ခိုက် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်ထဲက ဓာတ်ဆီဆိုင်တဆိုင်ထဲမှာ ဆိုင်ကယ်သမား လူငယ်သုံးဦးဟာ တခြားလူတဦးနဲ့ အချင်းများခဲ့ကြပြီးနောက် ထိုးနှက်တိုက်ခိုက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ဂျမ်ဆီဂျမ်ဆီအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက အင်တာနက်စာမျက်နှာပေါ် မျှဝေခဲ့တာပါ။
အဆိုပါ တိုက်ခိုက်ခံရတဲ့ အမျိုးသားဟာ ပီတီတီ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်နေချိန် ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦး ရောက်ရှိလာခဲ့ကြတာပါ။
အဲဒီနောက်မှာ အချေအတင် စကားများခဲ့ကြပြီး ဆိုင်ကယ်ပေါ်က လူသုံးဦးဟာ အဆိုပါအမျိုးသားကို ကန်ကျောက်ထိုးနှက်ကာ ဆိုင်ကယ်ဦးထုပ်တွေ ဘီယာပုလင်းတွေနဲ့ ထိုးနှက်ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သူက “ခုလို တိုက်ခိုက်ခဲ့သူတွေကို အလျင်အမြန် ဖမ်းဆီးအရေးယူဖို့ သက်ဆိုင်ရာ အဖွဲ့တွေကို အကူအညီ တောင်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒဏ်ရာရသူဟာ သူ့ကို တိုက်ခိုက်ခဲ့သူတွေကို ကိုယ်တိုင်ပဲ ခြေရာခံရလိမ့်မယ်လို့ ပြောခဲ့လို့ပါပဲ” လို့ ရေးခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေဟာ တိုက်ခိုက်ခဲ့သူတွေကိုရော ထိခိုက်ဒဏ်ရာရသူ အမျိုးသားကိုပါ မကူညီခဲ့ကြတဲ့ ရဲတွေကို ဝေဖန်ပြစ်တင်နေကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။