ဦးနုကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်နှင့် ၁၀၉ နှစ်ပြည့်မွေးနေ့ စုပေါင်းအလှူပြုလုပ် (ဓာတ်ပုံ)





1.5K
ဦးနုတပည့် စာပေလောကသားတွေက ဦးနုကွယ်လွန်ခြင်း၂၁ နှစ်ပြည့်နဲ့ ၁၀၉ နှစ်ပြည့် မွေးနေ့ အတွက် ရည်စူးပြီး ဒီနေ့မှာ စုပေါင်းအလှူပြုလုပ်ခဲ့ကြပါတယ်။
ဦးနု ထာဝရရံပုံငွေအဖွဲ့ရဲ့ ဦးနုအမှတ်တရကို ချမ်းမြေ့ရိပ်သာကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့အတူ ခင်ပွန်းနဲ့ သား(ဦးနုမြေး)တို့ တက်ရောက်ဆွမ်းကပ်ခဲ့ကြပါ တယ်။
အခမ်းအနားမှာ နာမကျန်းဖြစ်နေတဲ့ ဆရာသစ္စာနီ အပါအဝင် စာရေးဆရာ ၃ ယောက်ကို ဦးနုထာဝရရံပုံငွေအဖွဲ့က ငွေလှူဒါန်းထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဦးနုမွေးနေ့ကို တက်ရောက်လာသူ အချို့ကလည်း ရန်ပုံငွေ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
ဦးနု (အသက် ၈၈ နှစ်)ကွယ်လွန်ခဲ့တဲ့ ၁၉၉၅ ဖေဖော်ဝါရီ ၁၄ နေ့ (နယုန်လပြည့်နေ့)ကို စာရေးဆရာမခင်နှင်းယုက ဦးဆောင်ကျင်းပခဲ့ဖူးပြီး နောက်ပိုင်းမှာ ဦးနုသမီးအကြီး ဒေါ်စန်းစန်းနု ရံပုံငွေအဖွဲ့ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ကဗျာဆရာမောင်သွေးသစ် တို့က ဦးဆောင်ခဲ့တာ ဒီနှစ် ၂၁ နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ ဒေါ်စန်းစန်းနုက လေဖြတ်နေတာကြောင့် ဒေါ်သန်းသန်းနု မိသားစုက တက်ရောက်ခဲ့ပါတယ်။