A d v e r t i s e m e n t With Us

လေယာဉ်ပေါ်မှ ရန်ပွဲကြောင့် အချိန် ၄ နာရီခန့် ခရီးစဉ်ကြန့်ကြာခဲ့ (ရုပ်သံ)

တရုတ်နိုင်ငံမှ ဟိုင်နန်လေကြောင်းလိုင်း လေယာဉ်တစီးပေါ်မှာ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ရန်ပွဲတခု အကြီးအကျယ် ဖြစ်ခဲ့တဲ့အတွက် အချိန် ၄ နာရီကြာအောင် လေယာဉ်ခရီးစဉ်တွေ ကြန့်ကြာခဲ့ရပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရ ခရီးသည်အမျိုးသမီးတဦးက လေယာဉ်အမှုထမ်းတဦးကို အော်ငေါက်ပြောဆိုခဲ့ရာကနေ ရုတ်ရုတ်သဲသဲ ရန်ပွဲဖြစ်ခဲ့ရပြီး ရန်ပွဲမှာ ပါဝင်သူ ၅ ဦးကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ မက်ထရိုသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေယာဉ်ပေါ်မှာ ရုန်းရင်းဆန်ခတ် ရန်ပွဲဖြစ်ခဲ့တာတွေကို တွေ့ရပါတယ်။ အဲဒီရန်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဟိုင်နန်လေကြောင်းလိုင်းနဲ့ လိုက်ပါမယ့် ခရီးသည်တွေဟာ လေဆိပ်တွင်းမှာ အချိန် ၄ နာရီကြာအောင် စောင့်ဆိုင်းနေခဲ့ကြရတာပါ။ ဒါဟာ တော်တော်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတခုဖြစ်ပြီး ရန်ပွဲတွေကြောင့် ခရီးစဉ်ကြန့်ကြာရမှုအပေါ် ဝေဖန်နေကြတာပါ။

A d v e r t i s e m e n t With Us

More News
Up