A d v e r t i s e m e n t With Us

ပြင်သစ်နှင့် ဆွစ်ဇာလန် သရေကျပြီး နှစ်သင်းစလုံး နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ အုပ်စု အေ နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့ ဇွန် ၁၉ ရက်ညက ယှဉ်ပြိုင်ရာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျသွားပါတယ်။ ပထမပိုင်းမှာ ပွဲက အကြိတ်အနယ် ရှိခဲ့ပြီး ပြင်သစ်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဂိုးကံခေခဲ့သလို ဆွစ်ဇာလန်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်တာကြောင့်လည်း လိုအပ်တဲ့ အနိုင်ဂိုး မရခဲ့တာပါ။ နှစ်နိုင်ငံအသင်းတွေ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေအရ ဆွစ်ဇာလန်အသင်းဟာ ပြင်သစ်ကို ပွဲကြီးတွေမှာ အနိုင်ခဲ့ရတဲ့မှတ်တမ်း မရှိသေးပါဘူး။ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားတုန်းက ဆွစ်ဇာလန်ဟာ ပြင်သစ်ကို ၅ ဂိုး၊ ၂ ဂိုးနဲ့ ရှုံးခဲ့ဖူးပါတယ်။ အခု သရေရလဒ်အရ အုပ်စု အေမှာ ပြင်သစ်က သုံးပွဲကစား ၇ မှတ်နဲ့ ပထမ၊ ဆွစ်ဇာလန်က ၅ မှတ်နဲ့ အုပ်စုဒုတိယရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up