ဂျပန်ရောက် မြန်မာများ ဒေါ်စုမွေးနေ့ ဆုတောင်းပွဲများ ပြုလုပ်
DVB
·
June 19, 2016
ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ စုပေါင်းသွေးလှူ၊ ငါးလွှတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဖူဂျီတောင်အနီး ရှီဇူအိုခခရိုင် ငြိမ်းချမ်းရေးစေတီကို သွားရောက်ပြီး ဘာသာပေါင်းစုံဆုတောင်းပွဲတွေကိုလည်း အသီးသီးပြုလုပ်လုပ်ခဲ့ကြပါတယ်။
နှစ်စဉ် အခုလို ပြုလုပ်ကြတာဖြစ်ပြီး မြန်မာပြည်သူတွေ အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ မြန်မာနိုင်ငံ ကောင်းကျိုးသယ်ပိုးနိုင်ဖို့ ဆုတောင်းပွဲတွေ ပြုလုပ်ကြတာလို့  ကျင်းပသူတွေက ပြောပါတယ်။