A d v e r t i s e m e n t With Us

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်အနှစ် ၄၀ ထပ်မံချမှတ်

အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီကို နိုင်ငံတော်လျှို့ဝှက်ချက် တခြားတနိုင်ငံကို ပေါက်ကြားမှုနဲ့ ဇွန် ၁၈ ရက်နေ့ ထောင်ဒဏ်အနှစ် ၄၀ ထပ်မံချမှတ်လိုက်ပါတယ်။ ကာတာနိုင်ငံအခြေစိုက် အယ်ဂျာဇီးယားသတင်းထောက် ၂ ဦး အပါအ၀င် တခြားသူ ၆ ဦးလည်း  ဒီအမှုနဲ့ စွပ်စွဲရုံးတင်ခံရပြီး သူတို့ကတော့ သေဒဏ်ချမှတ်ခံရပါတယ်။ သတင်းထောက် ၂ ဦးကိုတော့ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့တာပါ။ သမ္မတဟောင်း မော်စီကတော့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတာမဟုတ်ပဲ တရားမ၀င်အဖွဲ့အစည်းကို ဦးဆောင်မှုနဲ့ ချမှတ်ခံရတာလို့ သူ့ရဲ့ရှေ့နေကပြောဆိုပါတယ်။ မော်စီဟာ အကြမ်းဖက်ဆန္ဒပြပွဲတွေကို သွေးထိုးလှုံ့ဆော်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာလည်းဖြစ်ပါတယ်။ အခုတရားရုံး ဆုံးဖြတ်ချက်တွေအားလုံးကို အယူခံဝင်နိုင်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ညံ့ဖျင်းတဲ့ တရားရေးစနစ်ကို နိုင်ငံတကာလူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ပြစ်တင်ရှုတ်ချနေတဲ့အချိန်မှာ အခုနောက်ဆုံး ပြစ်ဒဏ်တွေ ထပ်မံချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ သမ္မတဟောင်း မော်စီဟာ ၂၀၁၃ ခုနှစ်က ဖြုတ်ချခံရပြီး မော်စီဦးဆောင်တဲ့ မွတ်စလင်ညီအစ်ကိုတော်များပါတီ ထောက်ခံသူ ထောင်နဲ့ချီပြီးတော့လည်း ထောင်ဒဏ်တွေ ချမှတ်ခံထားကြရပါတယ်။

A d v e r t i s e m e n t With Us

More News
Up