A d v e r t i s e m e n t With Us

ဒေါ်စုမွေးနေ့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကျပ် ၂၃ သန်းကျော် လှူဒါန်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ တရက်တည်းမှာ လာလှူကြတဲ့ အလှူငွေကျပ် ၂၃ သန်းကျော် ရှိတယ်လို့ ဖောင်ဒေးရှင်းက သတင်းထုတ်ပါတယ်။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ အပါအ၀င် ဒေါ်စုမွေးနေ့အထိမ်းအမှတ်အဖြစ် ဖောင်ဒေးရှင်းကို ထူးထူးခြားခြား လာရောက်လှူဒါန်းသွားကြတာ ဖြစ်ပြီး တရက်တည်း ရရှိတဲ့ အလှူငွေပေါင်းက ၂၃၄,၈၃၅,၀၀ ကျပ်ဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လတ်တလော သဘာဝဘေးဒဏ်ခံစားနေရသူတွေကို လိုက်လံထောက်ပံ့လှူဒါန်းမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up