မကောင်းဆိုးဝါးပူးကပ်သည့် စပိန်အမျိုးသမီးငယ်ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့

5.7K
စပိန်နိုင်ငံမှ အမျိုးသမီးငယ်တဦးဟာ မကောင်းဆိုးဝါးဝင်ရောက်ပူးကပ်နေပြီး မချိ မဆန့်ဝေဒနာခံစားခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ အွန်လိုင်းပေါ် ပျံ့နှံ့နေ ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးငယ်ဟာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ အ မျိုးသမီးတဦးနဲ့ တခြား ဓမ္မဆရာဖြစ်ပုံရတဲ့ လူတဦးနဲ့ စကားပြောဆိုနေကြတာကို တွေ့ရပါတယ်။
သူတို့ဟာ စပိန်ဘာသာစကားနဲ့ ပြောဆိုနေကြတာဖြစ်ပြီး အမျိုးသမီးငယ်က သူဟာ ‘အရင်လိုမဟုတ်တော့ဘူး’လို့ ပြောလိုက်ချိန်မှာ အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက ဘာကြောင့်လဲ လို့ မေးခဲ့ပါတယ်။
အမျိုးသမီးငယ်ဟာ ပြန်မဖြေခဲ့ပဲ ‘ဘာလို့လဲဆိုတော့ မင်းဟာ သေသွားပြီးဖြစ်လို့ ပေါ့’လို့ ဆက်ပြောလိုက်ပြီး အော်ဟစ် ငိုယိုနေခဲ့တာပါ။
ဘေးက အမျိုးသမီးက ‘ဒါဆိုရင် ကလေးကရော’လို့ မေးလိုက်ချိန်မှာ အမျိုးသမီးငယ်ဟာ သူ့မှာ ကိုယ်ဝန်ရှိနေတာ မသိကြောင်းပြောလိုက်ပြီး ဆက်စကားအခြေအတင် ပြောနေခဲ့ကြတာပါ။
အဲဒီနောက်မှာ အမျိုးသမီးငယ်ဟာ ‘ငါပြောတာကို သူကြားတယ်။ ငါပြောတာကို သူကြားတယ်’လို့ ဆက်ပြောချိန်မှာ ဘေးကအမျိုးသမီးက ‘မင်းပြောတာကို သူကြားတယ်။ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာကြည့်ပါဦး’လို့ ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ ရုတ်တရက်ပဲ အမျိုးသမီးငယ်ဟာ ဒေါသထွက်လာပြီး ရုန်းကန် တွန်းထိုးခဲ့လို့ အမျိုးသားတွေက ချုပ်ထိန်းထားခဲ့ကြတာကို တွေ့ရပါတယ်။
သူတို့ဟာ စကားတတွတ်တွတ်ရေရွတ်နေတဲ့ အမျိုးသမီးငယ်ကို ချုပ်ထိန်းပြီး အိပ်ယာပေါ်လှဲစေခဲ့တာပါ။
နောက်ဆုံးမှာတော့ အမျိုးသမီးငယ်ဟာ လည်ချောင်းထဲက ကြောက်လန့်ဖွယ်ရာ အော်သံကြီးနဲ့ အော်ဟစ်နေခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာ သူတို့ဟာ ဖယောင်းတိုင်ထွန်းပြီး မကောင်းဆိုးဝါးဝင်ပူးနေတဲ့ အ မျိုးသမီးငယ်အတွက် ၀တ်ပြုဆုတောင်းခဲ့ကြတာပါ။