အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်
DVB
·
June 19, 2016
အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာတော့ အိန္ဒိယသံရုံးက ဦးဆောင် ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပက ယောဂကျင့်သူ အယောက် ၃၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
မန္တလေး ကျင်းပတဲ့ ယောဂနေ့အခမ်းအနားကိုတော့ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ယောဂနေ့ဟာ လာမယ့် ဇွန် ၂၁ ရက်နေ့ဖြစ်ပါတယ်။
ဓာတ်ပုံ - ထွန်းထွန်းသိန်း(ရန်ကုန်)၊ တာရာ (မန္တလေး)