အာကာသယာဉ်မှူး ၃ ဦး ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိ

The International Space Station (ISS) crew members Timothy Peake of Britain, Yuri Malenchenko of Russia and Timothy Kopra of the U.S., surrounded by ground personnel, rest shortly after landing near the town of Dzhezkazgan (Zhezkazgan), Kazakhstan, June 18, 2016. REUTERS/Shamil Zhumatov
647
ဗြိတိန်အာကာသယာဉ်မှူး တင်ပိခ့် Tim Peake အပါအ၀င် အာကာသယာဉ်မှူး ၃ ဦးဟာ နိုင်ငံတကာအာကာသ စခန်းမှာ ၆ လကြာတာဝန်ထမ်းဆောင်ခဲ့အပြီး ဇွန် ၁၈ ရက်နေ့က ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာကြပါတယ်။
တန်ပိခ့်နဲ့အတူ အမေရိကန်အာကာသယာဉ်မှူးတဦး၊ ရုရှားအာကာသယာဉ်မှူးတဦးတို့ လိုက်ပါလာကြပြီး ကာဇက်စတန်နိုင်ငံမှာ ဆင်းသက်ခဲ့ကြတာပါ။
တင်ပိခ့်ဟာ ဗြိတိန်အလံတံဆိပ်နဲ့ ပထမဆုံးအာကာသခရီးစဉ် လိုက်ပါခွင့်ရတဲ့ ဗြိတိန် အာကာသယာဉ်မှူးဖြစ်လာပြီး အာကာသထဲ လမ်းလျှောက်ခဲ့တဲ့ ပထမဆုံးဗြိတိန်အာကာသယာဉ်မှူးလည်း ဖြစ်လာပါတယ်။
နိုင်ငံတကာအာကာသစခန်းမှာ နေထိုင်ခဲ့တဲ့ ၁၈၆ ရက်ကြာကာလအတွင်း ကမ္ဘာမြေပေါ်က စက်ရုပ်တရုပ်ကို ထိန်းချုပ်မောင်းနှင်ခဲ့သလို လန်ဒန်မာရသွန်ကိုလည်း အာကာသစခန်းကနေ ၀င်ပြေးခဲ့ပါတယ်။
အာကသာခရီးပန်းကြတဲ့အတွက် တင်ပိခ့်ကော၊ အမေရိကန်အာကာသယာဉ်မှူးပါ သတင်းစာရှင်းလင်းပွဲ မလုပ်နိုင်ခဲ့ကြပါဘူး။ တင်ပိခ့်ဟာ စနေနေ့နှောင်းပိုင်းမှာ ကာဇက်စတန်နိုင်ငံကနေ နော်ဝေးနိုင်ငံကို အရင်သွားရောက်ပြီး အဲ့ဒီကနေမှတဆင့် ဥရောပအာကာသစခန်းအခြေစိုက်တဲ့ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ကို သွားရောက်မှာဖြစ်ပါတယ်။