ချီလီ ၇-၀ မက္ကဆီကို၊ အာဂျင်တီးနား ၄-၁ ဗင်နီဇွဲလား (ရုပ်သံဟိုက်လိုက်)

1.4K
ဇွန် ၁၈ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ကိုပါ အမေရိကားပွဲစဉ်တွေမှာ အာဂျင်တီးနားနဲ့ ချီလီတို့ ဂိုးပြတ်တွေနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲတွေကို တက်သွားကြပါတယ်။
ချီလီနဲ့ မက္ကဆီကို ပွဲမှာ ချီလီက ၇ ဂိုး၊ ဂိုမရှိနဲ့ အနိုင်ရပြီး၊ အာဂျင်တီးနားနဲ့ ဗင်နီဇွဲလား ပွဲမှာတော့ အာဂျင်တီးနားက ၄ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရပါတယ်။ ချီလီနဲ့ မက္ကဆီကို ပွဲမှာ ချီလီ တိုက်စစ်မှူး ဗားဂတ်စ်က တဦးတည်း ၄ ဂိုး သွင်းပေးခဲ့ပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူး မက်စီလည်း မိနစ် ၆၀ မှာ ၁ ဂိုးသွင်းပေးခဲ့ပါတယ်၊ ဒါကြောင့် အာဂျင်တီးနား နိုင်ငံအတွက် မက်ဆီရဲ့ သွင်းဂိုးဟာ ၅၄ ဂိုး ရှိသွားပြီး Gabriel Batistuta နဲ့ ဂိုး အရေအတွက် တူသွားပါတယ်။
မက်ဆီကပဲ အဲဒီပွဲမျာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ အာဂျင်တီးနား အသင်းဟာ ဇွန် ၂၁ ရက်နေ့ကျရင် အိမ်ရှင် အမေရိကန် အသင်းနဲ့ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ ချီလီအသင်းဟာ ဇွန် ၂၂ ရက်နေ့ကျရင် ကိုလံဗီယာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။