ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အင်းတော်တွင် သစ်ပင်စိုက်ပွဲပြုလုပ်










2K
ဒီနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ အမှတ်တရ သစ်ပင်စိုက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းက အင်းတော်မြို့နယ် နတ်မဟုတ်ကလေးရွာမှာ ကျွန်းပင် ၂၀၀၊ မဟော်ဂနီပင် ၄၀၊ ပျဉ်းကတိုးပင် ၁၆၀ တို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။
သစ်ပင်စိုက်ပွဲမှာ အင်းတော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုသန်းညွန့်နဲ့ ဝန်ထမ်းတွေ၊ ဒေသ ရွာစာသင်ကျောင်းတွေက ကျောင်းသားကျောင်သူတွေ၊ ဆရာဆရာမတွေ၊ ရွာသူရွာသားတွေ ပူပေါင်းပါဝင်စိုက်ပျိုးခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - ကိုကျော် (အင်းတော်)