မျက်နှာဖုံးတပ်ဓားပြက ဆိုင်ဝန်ထမ်းအမျိုးသမီးကို ရက်ရက်စက်စက်ရိုက်နှက် လုယက် (ရုပ်သံ)

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ လက်နက်ကိုင်အမျိုးသားတဦးဟာ စတိုးဆိုင် တဆိုင်တွင်းဝင်ရောက်ခဲ့ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးကို ကိုယ်ထိလက်ရောက်တိုက်ခိုက် လုယက်ခဲ့တာကို လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲမှာဘားဝုဒ်အမည် ရတဲ့ စတိုးဆိုင်တွင်းကို မျက်နှာဖုံးတပ်ဝင်ရောက်လာခဲ့ပြီး တဦးတည်းရှိနေတဲ့ အရောင်း ၀န်ထမ်းအမျိုးသမီးကိုခြိမ်းခြောက်ခဲ့တာဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ လုံခြုံရေးကင်မရာထဲမှာ အဆိုပါအမျိုးသားဟာ အရောင်းဝန်ထမ်းအမျိုးသမီးကို ကားကလပ်သော့တံနဲ့ ရက်ရက်စက်စက်ရုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဆိုင်တွင်းက စီးကရက်နဲ့ ငွေသားတွေကို ယူပြီး ထွက်သွားခဲ့တာလို့ yahoo သတင်းမှာ ဖော်ပြပါတယ်။ အမျိုးသမီးဟာ တိုက်ခိုက်ခံရတဲ့ ဒဏ်တွေကြောင့် မျက်နှာနဲ့ လက်မောင်းတွေမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားခဲ့ရပါတယ်။ တိုက်ခိုက်နေချိန်မှာ အဆိုပါအမျိုးသားဟာ အနက်ရောင်ခေါင်းစွပ်အင်္ကျီနဲ့ အဖြူ ရောင်အနားသတ်မျက်မှန်ကို တပ်ဆင်ထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေကတော့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့လက ဂလဲန်ဝေဗာလေမြို့မှာ ဖြစ်ပွားခဲ့ တဲ့ လက်နက်ကိုင်ဓားပြမှုနဲ့ ဆက်စပ်နေမယ်လို့ ယူဆနေကြပါတယ်။ အဲဒီတုန်းကလည်း တကိုယ်တော်လက်နက်ကိုင်အမျိုးသားဟာ အနက်ရောင် ဘောင်းဘီ၊ အနက်ရောင်ခေါင်းစွပ်အကျီင်္တွေဝတ်ဆင်ပြီး မျက်နှာကို ဖုံးအုပ်ထားခဲ့တယ် လို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာပဲ အဲဒီတုန်းကတော့ ၀န်ထမ်းတွေတဦးတယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ပဲ စီးကရက်နဲ့ ငွေသားတွေကိုပဲ ဓားပြတိုက်ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သံသယဖြစ်ဖွယ် ဒီအမျိုးသားနဲ့ ပတ်သက်တဲ့ သတင်းအချက်အ လက်တစုံတရာရရှိရင်တော့ မှုခင်းကျဆင်းရေးဌာနဖုန်း ၁၈၀၀-၃၃၃-၀၀၀ ကိုဆက် သွယ် သတင်းပေးနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up