A d v e r t i s e m e n t With Us

ခွေးနှင့်ကြောင်စကားကို ဘာသာပြန်နိုင်သည့် ကြက်တူရွေး ရေပန်းစား (ရုပ်သံ)

လူတွေအနေနဲ့ တိရစ္ဆာန်တွေဘာတွေပြောကြသလဲဆိုတာ မသိနိုင်ပေမယ့် ဒီကြက်တူရွေးလေးကတော့ ခွေးတွေ၊ ကြောင်တွေ ဘာပြောကြသလဲဆိုတာကို တိတိကျကျကို သိနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ တကိုယ်တော်စွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက်မှာ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သီတင်းပါတ်တခုအတွင်း အကြိမ်ရေ ၅ သောင်းထက်မနည်းဝင်ရောက် ကြည့်ရှုခဲ့ကြတယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါ တယ်။ ကြက်တူရွေးကလေးရဲ့ စွမ်းရည်ပြပြောဆိုမှုတွေဟာ လူတွေကို ရယ်မောပျော်ရွှင်စေပြီး အံ့သြစရာဖြစ်နေတာပါ။ သူဟာ တကိုယ်တည်း ခွေးတကောင်ဟာ ဘယ်လိုပြောသလဲ၊ ကြောင်တကောင် ဟာ ဘယ်လိုပြောသလဲလို့ မေးမြန်းခဲ့ပြီးနောက်မှာ ခွေးအသံ ‘၀ုတ်ဝုတ်’နဲ့ ကြောင်အသံ ‘မီးအို’ဆိုပြီး အသံထွက်ပြခဲ့တာပါ။ ဒီကြက်တူရွေးကလေးဟာ မန်ဒရင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတွေသာမကပဲ သင်္ချာညီမျှခြင်းပုစ္ဆာတွေကိုပါ တွက်ချက်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up