A d v e r t i s e m e n t With Us

အုပ်စုအက်ဖ်ပွဲစဉ် ၂ ခုလုံး သရေကျ၊ ရော်နယ်ဒို ပင်နယ်တီလွဲ (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ အုပ်စု (အက်ဖ်) ပွဲစဉ်တွေမှာ အိုင်စလန်နဲ့ ဟန်ဂေရီတို့ တဖက် ၁ ဂိုးစီ သရေကျသွားသလို ပေါ်တူဂီနဲ့ သြစတြီးယားတို့လည်း ဂိုးမရှိသရေကျခဲ့ပါတယ်။ အိုက်စလန်က ၁ ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပြီး ပွဲပြီးဖို့ ၂ မိနစ် အလိုမှပဲ ဘာကာ ဆေဗာဆွန် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိလို့ သရေကျခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဟန်ဂေရီအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပြီး ပထမပိုင်း ပြီးခါနီး ၆ မိနစ် အလိုမှာ အိုင်စလန်က ပင်နာတီရခဲ့လို့ ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဟန်ဂေရီ အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ သြစတြီးယားကို အနိုင်ရတဲ့ အသင်း ဖြစ်ပြီး အိုင်စလန်ကတော့ အဖွင့်ပွဲမှာ ပေါ်တူဂီနဲ့ တဂိုးစီ သရေကျထားပါတယ်။ ဇွန် ၁၈ ရက်နေ့မှာပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု (အက်ဖ်) နောက်တပွဲမှာတော့ ပေါ်တူဂီနဲ့ သြစတြီးယားတို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီ  တိုက်စစ်မှူး  ရော်နယ်ဒို ပင်နယ်တီ ကန်ချက် လွဲချော်ခဲ့တဲ့အတွက် အခုဆိုရင် နာမည်ကြီး ပေါ်တူဂီအသင်းလည်း အုပ်စုက တက်ဖို့ ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up