၅ ပေရှည် စတီးချောင်း ခန္ဓာကိုယ်အတွင်း စိုက်ဝင်ခဲ့သူ ခွဲစိတ်မှုအောင်မြင်




62
၅ ပေရှည်တဲ့ စတီးချောင်း ဦးခေါင်းကနေ ခန္ဓာကိုယ် အောက်ပိုင်းအထိ စိုက်ဝင်ခဲ့ပေမယ့် ခွဲစိတ်ကုသခံယူခဲ့တဲ့ အတွက် အမျိုးသား တဦးဟာ အသက်ချမ်းသာခဲ့ပါတယ်။
ဇွန် ၁၄ ရက်က တရုတ်နိုင်ငံ ရှန်ဒေါင်း ခရိုင် ဂျန်နန်မြို့မှာ ဇောင်လို့ခေါ်တဲ့ လူတဦးက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ စတီးချောင်းတွေပေါ် ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်သူ့ကို ဆေးရုံတင်ပို့ခဲ့ပြီး ၅ နာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဆရာဝန် ၇ ဦးက လုံးပတ် ၀.၇ စင်တီမီတာရှိတဲ့ စတီးချောင်းကို ပြန်ပြီး ထုတ်ယူခဲ့ပါတယ်။
ဒီလောက်လုံးပတ်ရှိတဲ့ စတီးချောင်းကြောင့် သွေးအများအပြားဆုံးရှုံးနိုင်ပြီး အသက်သေနိုင်သလို တွေ့ဖူးသမျှထဲမှာ အဆိုးဝါးဆုံးတခုဖြစ်တယ်လို့ ခွဲစိတ်မှု ခေါင်းဆောင်က ပြောပါတယ်။
အရေးကြီးဆုံးက ခွဲစိတ်ပြီးတဲ့နောက် ရောဂါမ၀င်အောင် လုပ်ရတာ ဖြစ်ပြီး ပြန်သက်သာဖို့ အတွက် ထူထောင်ရေးလေ့ကျင့်ခန်းတွေ လုပ်ရမယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - စီစီတီဗွီ