A d v e r t i s e m e n t With Us

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ တနင်္ဂနွေနေ့မှာ နေပြည်တော်ကို ရောက်လာမှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ “ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါမယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ပါမယ်၊ တွေ့ပြီးတာနဲ့ သူ ရန်ကုန်ပြန်သွားမယ်၊ သူသွားမယ့် ပြည်နယ်က ၃ ပြည်နယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် သွားမယ်။ နောက် နေပြည်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ တွေ့မယ်၊ နောက် ရခိုင်ကော်မတီမှာပါတဲ့သူတွေနဲ့ တွေ့မယ်။” ဧပြီလကနေ စတင်ပြီး အစိုးရသစ်တာဝန်လွှဲပြောင်းယူပြီးတဲ့နောက် ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟေးလီက မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ မစ္စ ယန်ဟီးလီရဲ့ ဒီခရီးစဉ်ဟာ ၁၂ ရက်တာကြာမြင့်မယ်လို့ ကုလသမဂ္ဂ လူ့သားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ဇွန် ၁၇ ရက်က ထုတ်ပြန်ပါတယ်။ နိုင်ငံအတွင်းက လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရာမှာ အစိုးရနဲ့ မြန်မာပြည်သူတွေနဲ့ အနီးကပ် ဆောင်ရွက်ဖို့က အဓိက ရည်မှန်းချက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ သူက ပြောပါတယ်။ ခရီးစဉ်အပြီးမှာတော့ စာနယ်ဇင်း ရှင်းလင်းပွဲကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ဆောင်မယ့် နေရာအချိန် အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up