တရုတ် ဓာတ်အားပေး စက်ရုံပေါက်ကွဲမှု ရုပ်သံမှတ်တမ်း ဖြန့်ချိ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇီယန်မှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဇွန် ၁၁ ရက် အစောပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ခဲ့တာကို တရုတ် စီစီတီဗွီသတင်းက ရုပ်သံမှတ်တမ်းအဖြစ် ဇွန် ၁၈ ရက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုကို ငြိမ်းသတ်ခဲ့ပြီး တစုံတရာ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ပါတယ်။ မီးကြောင့် မြို့ပေါ်မှာ ပြတ်တောက်သွားတဲ့ လျှပ်စစ်ဓာတ်အားကို ပြန်လည် ပေးနိုင်ပြီလို့ ဆိုပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။