ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲ သေနတ်ကိုင် ၀င်လာသူကို ဖမ်းဆီးထိန်းသိမ်း

အမေရိကန်နိုင်ငံ ရီပက်ပလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ တက္ကဆက်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း သေနတ်ကိုင်ပြီး ၀င်လာတဲ့ အမျိုးသားတဦးကို ဇွန် ၁၇ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါတယ်။ NBC  ရုပ်သံသတင်းအရ ဟော်စတွန်မြို့ကနေ မိုင် ၃၀ ဝေးတဲ့  သ၀ုလန်းစ် မြို့ဆီကို ဒေါ်နယ်ထရမ့် မရောက်ခင် နာရီပိုင်းအလိုမှာ ဒေါ်နယ်ထရမ့် ဟောပြောမယ့် နေရာက ကားရပ်နားရာ နေရာမှာ  လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသားဟာ ထရမ့်ကို ထောက်ခံသူလား၊ ဆန့်ကျင်သူလား ဆိုတာတော့ မသဲကွဲပါဘူး။ သူ့ကို ဖမ်းဆီး၊ တရားစွဲထားသလားဆိုတာလည်း မသဲကွဲပါဘူး။ NBC သတင်းမှာတော့ အဲဒီအမျိုးသားဟာ ဒေါ်နယ်ထရမ့် ပုံပါတဲ့ တီရှပ်ကို ၀တ်ထားပြီး လက်ထိတ်ခတ်လျက် ရဲတွေက ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up