Live
Home
မြန်မာသတင်း
စင်ကာပူ-မြန်မာ တပတ်ကို ၃ ကြိမ် ပိုပြေးဆွဲရန် ဂျက်စတား စီစဉ်
DVB
·
June 18, 2016
ဈေးသက်သာတဲ့ လေကြောင်းလိုင်း ဂျက်စတား အေးရှားက စင်ကာပူ-ရန်ကုန်ကို တပတ်ကို ၃ ကြိမ် ပိုပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဒီဇင်ဘာ ၁ ရက်ကနေ စတင်ပြီး စင်ကာပူနဲ့ မြန်မာ ဗီဇာကင်းလွတ်ခွင့်ကို ကြေညာအပြီးမှာ စင်ကာပူ လေကြောင်းလိုင်းက အရင်က တပတ်ကို ၁၀ ကြိမ်ကနေ ၁၃ ကြိမ်အထိ ပိုပြေးဆွဲဖို့ စီစဉ်နေတာလို့ စထရိတ်တိုင်းမ်က ရေးပါတယ်။ ဂျက်စတား အေးရှား အကြီးအကဲ ဘာရာ ပတ်ဆုပါသီက စင်ကာပူ-မြန်မာ ဗီဇာကင်းလွတ်ခွင့်ကို ကြိုဆိုလိုက်သလို ဂျက်စတားရဲ့ ထပ်တိုးလိုက်တဲ့ ၀န်ဆောင်မှုက လူတွေပိုမို သွားလာဖွယ်ရှိတဲ့ စင်ကာပူ - မြန်မာ ခရီးစဉ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ်လို့ ပြောပါတယ်။ အသစ်ပြေးဆွဲမယ့် လေကြောင်းလိုင်းအတွက် တကြောင်းသွား လက်မှတ်တွေဟာ ဒေါ်လာ ၄၀ ကနေစတင်မှာ ဖြစ်ပြီးဇွန် ၂၃ ရက်ကနေ စတင်ရောင်းချမယ်လို့ သတင်းက ရေးပါတယ်။ လေကြောင်းလိုင်း တိုးမြှင့်ပြေးဆွဲမှုနဲ့ ဗီဇာမလိုဘဲခရီးသွားနိုင်မယ့် အစီအစဉ်တွေကို ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်တွေက ကြိုဆိုခဲ့ပါတယ်။ တခြားလေကြောင်းလိုင်းတွေဖြစ်တဲ့ စင်ကာပူအဲလိုင်း (အက်စ်အိုင်အေ)နဲ့ တိုက်ဂါး အဲလိုင်းတွေကတော့ လေကြောင်းလိုင်း အရေအတွက်ကို တိုးဆွဲဖို့ မရှိဘူးလို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်ကနေ စတင်ပြီး ဂျက်စတားက ရန်ကုန်-စင်ကာပူကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024