Home
မြန်မာသတင်း
ခရီးဆောင်အိတ်ပစ်တင်သည့် ဗွီဒီယို ပျံ့နှံ့ခဲ့ပြီး ၀န်ထမ်း ၂ ဦး အလုပ်ပြုတ်
DVB
·
June 18, 2016
ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို လေဆိပ်ဝန်ထမ်းများက ကားပေါ်ပစ်တင်နေတဲ့ ဗွီဒီယိုဖိုင်တခု ဇွန် ၁၇ ရက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်တက်လာခဲ့ပါတယ်။ အဲ့ဒီနောက်  အိတ်ပစ်တင်နေတဲ့ အလုပ်သမား ၂ ယောက် အလုပ်ပြုတ်သွားပြီလို့ ပြည်တွင်းလေကြောင်းလိုင်းမှာ အလုပ်လုပ်တဲ့ (ဦး) အောင်စိုးမိုး ဆိုသူ အကောင့်ပိုင်ရှင်က ရေးတင်ထားပါတယ်။ သူက “ဗွီဒီယိုရိုက်တင်တဲ့ ပုဂ္ဂိုလ်ရဲ့ Baggage ဘယ်လောက်ပျက်သွားလဲတော့ မသိဘူးဗျာ၊ လေဆိပ်က YAG က ဝန်ထမ်း ၂ ဦးတော့ အလုပ်ပြုတ်သွားပြီတဲ့။ စိတ်မကောင်းဖြစ်မိတယ်။ ဒီခေတ်ကြီးမှာ အလုပ်တခု ရဖို့ဆိုတာ လွယ်မှတ်လို့ အော် ဖွဘုတ် ဖွဘုတ် အစွမ်းထက်လှချည်လားကွာ” လို့ ရေးထားပါတယ်။ တခါ သူ့ရေးသားချက်အောက်မှာ ကောမန့်ဝင်ရေးသူတွေက “တရုတ်ပြည်မှာတော့ အိတ်အသစ်ကို ပေးလိုက်တယ်။ အိတ်ကတော့ Made in China ပေါ့။” လို့ ရေးသူရှိသလို၊” မဖြစ်သင့်ပါဘူးဗျာ အောက်ခြေဝန်ထမ်းအပြစ်မှ မဟုတ်တာ”လို့ သဘောထားမှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။ အောင်မျိုးဝင်း ဆိုတဲ့အကောင့်ပိုင်ရှင်ကတော့ “တကယ်တော့ အဲ့ဒါတွေက စက်နဲ့အလိုလို ရွှေ့သွားတာမဟုတ်လား၊ မြန်မာပြည်မှာပဲ လူနဲ့လုပ်နေတာ မဟုတ်လား၊ ဒီလိုဆို နောက်လဲပြုတ်မယ့်အတူတူ စောစောပြုတ်တော့ အလုပ်ကောင်းမှာ လုပ်သက်ပိုရမှာပေါ့။” လို့ ၀င်ရေးထားတာလည်း တွေ့ရပါတယ်။ မကြာသေးခင်ကလည်း ရန်ကုန်မှာ တုတ်ကိုင်ရမ်းကားတဲ့ စပယ်ယာတယောက် ဓာတ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်တက်လာပြီးနောက် ရဲက အဲ့ဒီ စပယ်ယာကို ရှာဖွေဖမ်းဆီးပြီး ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024