Home
မြန်မာသတင်း
မြန်မာ့ လျှပ်စစ်လိုအပ်ချက် ပြင်သစ်ကူညီမည်
DVB
·
June 18, 2016
မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ပြင်သစ်က ကူညီမယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ ဂျီးမာ့ခ်အီရောင် နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းတို့ ဇွန် ၁၇ ရက်က တွေ့ဆုံဆွေးနွေးမှုအတွင်း ပြင်သစ်ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၆၉၀ လောက် ထုတ်လုပ်နိုင်မယ့် လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ ရှမ်းပြည်မြောက်ပိုင်းမှာ မဂ္ဂါဝပ် ၁၀၅၀ လောက်ထုတ်လုပ်နိုင်တဲ့ ရွှေလီ ၃ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိရေးအတွက် ပြင်သစ်က အဓိက အကူအညီပေးမှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဇွန် ၁၆ ရက်ကတတည်းက မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေတာဖြစ်ပြီး မနေ့က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီး နှစ်ဘက်သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာကို ယူရိုသန်း ၂၀၀ အကူအညီပေးမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024