A d v e r t i s e m e n t With Us

မီးရှူးဖြင့်ပစ်ပေါက်သူများကို အကြမ်းဖက်သမားဟု ခရိုအေးရှားနည်းပြပြော (ရုပ်သံ)

ဇွန် ၁၇ ရက်က ကစားသွားတဲ့ ခရိုအေးရှားနဲ့ ချက်အသင်းတို့ ကစားနေစဉ် မီးရှူးနဲ့ ကွင်းအတွင်း ပစ်ပေါက်တဲ့ ပရိသတ်တွေကို အားကစား အကြမ်းဖက်သမားတွေလို့ ခရိုအေးရှား နည်းပြက ခေါ်ဆိုလိုက်ပါတယ်။ ပွဲချိန် ၈၆ မိနစ်မှာ ခရိုအေးရှားက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေစဉ် ပရိသတ်တွေ မီးရှူးမီးပန်းနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ပွဲကို ရပ်ဆိုင်းခဲ့ရသလို မီးတွေကို ငြှိမ်းသတ်ခဲ့ရပါတယ်။ ခရိုအေးရှားနည်းပြ အန်တီကာစစ်က ဒီလူတွေဟာ ခရိုအေးရှား ပရိသတ်တွေ မဟုတ်သလို လူရမ်းကားတွေလို့ ခေါ်ရမယ်လို့ ပြောပါတယ်။ ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်ကလည်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်သလို ဥရောပမှာ ခရိုအေးရှားဘောလုံး ပရိသတ် ၉၅ ရာခိုင်နှုန်း အရှက်ရစေတယ်လို့ သူက ပြောပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ အတည်ပြုပါတယ်။ ဒါအပြင် ဇွန် ၁၈ ရက် ဒိုင်လူကြီးနဲ့ ပွဲကြီးကြပ်တဲ့သူတွေထံကနေ အစီရင်ခံစာကို ရရှိရင် စည်းကမ်းနဲ့ အညီ အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အုပ်စု (ဒီ) က တူရကီနဲ့ ပွဲစဉ်မှာ ခရိုအေးရှား ပရိသတ်တွေရဲ့ အပြုအမှုကြောင့် ခရိုအေးရှားကို ယူအီးအက်ဖ်အေက စွဲချက်တင်ထားပါတယ်။ ခရိုအေးရှားနဲ့ ချက်တို့ရဲ့ ပွဲစဉ်မှာတော့ တဖက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up